တိမ်တွေလို ပြယ်လွင့်သွားခဲ့တဲ့ တချိန်က ငြိမ်းချမ်းရေး မျှော်လင့်ချက်များ


  အဲခေါင်သောင့်၊ မေလ ၂၈ရက်၊ ၂၀၁၂ခုနှစ်

" ငြိမ်းချမ်းရေး ရရင် ကော့ကရိတ်ကို သွားလည်မယ်။ မတွေ့ရတာ ကြာပြီ ဖြစ်တဲ့ သူငယ်ချင်းတွေကိုလည်း ၀င်တွေ့သွားချင်တယ်။ ငြိမ်းချမ်းရေး မြန်မြန်ရရင် သိမ့်ကောင်းမှာပဲနော်" ဆိုပြီး သူ့ရဲ့ ငြိမ်းချမ်းရေး မျှော်လင့်ချက် အိမ်မက်ကို ရင်ဖွင့်ပြလာသူကတော့ ရဲဘော် စောပို့ယိုပါ။

ဒီ မျှော်လင့်ချက် တွေကို၂၀၀၄ခုနှစ် ဗိုလ်ချုပ်မြရဲ့ ရန်ကုန်ငြိမ်းချမ်းရေး ခရီးစဉ်ကနေ စတင် ရရှိလာခဲ့တယ်လို့ ဆိုရမှာပါ။ ဒီလိုမျှော်လင့်ချက်မျိုး စောပို့ယိုတို့လို ကရင်တော်လှန်ရေး သမားတွေ ပုံစံအ မျိုး မျိုး နဲ့  တောင့် တ မျှော်လင့် နေခဲ့ကြ ပါတယ်။ စောပို့ယို ရဲ့ မျှော်လင့်ချက်လေး ကတော့ ရိုးရှင်းတယ်လို့ အပြင်ပန်းကြည့်ရင် ထင်ရပေမယ့်လည်း သူ့အတွက်ကတော့ အလွန်ပဲ ကြီးကျယ်ခန်းနား နေပါလိမ့်မယ်။.

ဆက်ဖတ်ရန်...

ရပ်နေတဲ့နေရာက ကျွန်တော်တို့ နည်းနည်းလေး ရွှေ့ကြည့်ကြရအောင်လားဗျာ


 ရိုးရိုးရှင်းရှင်းလေး ဆိုပေမယ့် တစ်ခါတစ်ရံတွင် တစ်စုံတစ်ရာကို အသေ ဆုပ်ကိုင်ထားမှုဟာ ကျွန်တော် တို့အတူ ယှဉ်တွဲရေးမူကို ပျက်ပြားစေ ခဲ့ကြသည် မဟုတ်လား။ ကျွန်တော် တို့အားလုံး တစ်နေရာရာ အတွက် ဘာကြောင့်များ အတူတူ မယှဉ်တွဲ နိုင်ခဲ့ရသလဲ။ နှစ်ဦးနှစ်ဖက် စလုံးက လိုချင်ပြီး အားလုံးအတွက်လည်း လိုအပ်နေသော ကိစ္စရပ် တစ်ခုအပေါ် မှာ ကျွန်တော်တို့ ထို့ထက် ပိုမို သူ စိမ်းဆန်နေကြဦးမည် ဆိုလျှင် အရာရာ အခွံချည်းသာ ကျန်တော့သည့် ရုပ်ဝတ္ထု တစ်ခုလိုပင် ကျွန်တော် တို့ ရှေးရှုသော မြင်ကွင်းတွေကို တွေ့မြင် ရလိမ့်မည်ထင်၏။

ဆက်ဖတ်ရန်...

ကလိုထူးဘော ကရင် အစည်းအရုံး (ကေကေအို) ၏ နိုင်ငံရေးအကြံပေး ဒေါ်စီမင်းနိုင် နှင့် တွေ့ဆုံခြင်း


 မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး တည်ဆောက်နေသည့် ကာလအတွင်း ပြောဆိုဆွေးနွေးမှု တွေပြုရာတွင် မည်ကဲ့သို့ ဆွေးနွေးကြမည်။ မည်ကဲ့သို့ လုပ်ဆောင်ကြမည် ဆိုသည့် လုပ်ငန်းဆောင်တာ များတွင် လက်လွတ်စပယ် မဖြစ်စေရန် အတွက် ဖွဲ့စည်းထားသည် ဟုဆိုသော ကလိုထူးဘော ကရင် အစည်းအရုံး နိုင်ငံရေး အကြံပေး အဖွဲ့၏ နိုင်ငံရေးရာ အကြံပေး တစ်ဦးဖြစ်သူ ဒေါ်စီမင်းနိုင် မေလ ၁ဝ ရက်က မြဝတီမြို့ ဆုံဆည်းမြိုင် ကျေးရွာ ကော်သူးမွဲခီ စခန်းမှာ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့သည်။ 

ဆက်ဖတ်ရန်...

ကာလာမသုတ္တန်လာ ပညာသင်ကြားရေးကို ငေးကြည့်ခြင်း


နိုင်ငံတခုရဲ့ နှလုံးပမာအရေးကြီးတဲ့အရာကတော့ ပညာရေးစနစ် ဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်မှာ အုတ်အော်သောင်းနင်း ဖြစ်နေတဲ့ နိုင်ငံ့အရေးကိစ္စတခုကတော့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု ဖြစ်ပါတယ်။

ဆက်ဖတ်ရန်...

နိုင်ငံခြားမှာ ကျောင်းတက်မယ်ဆိုရင်


ကျမ အသက် ၁၂ နှစ်မှာ မိဘများနှင့် စင်္ကာပူနိုင်ငံမှာ ပြောင်းရွှေ့နေထိုင်ပြီး နိုင်ငံခြားဆိုတာနှင့် စတင်ရင်းနီးခဲ့သည်။ အသက် ၁၇ နှစ်အရွယ်ကစပြီး ကနေဒါနှင့် အင်္ဂလန်နိုင်ငံတို့တွင် တစ်ယောက်တည်း ကောလိပ်နှင့် တက္ကသိုလ်သွားတက်တော့၊ နောက်ထပ်နိုင်ငံခြားသို့ ရောက်ခဲ့ပြန်သည်။ နိုင်ငံခြားဆိုသည့်အတိုင်း ကျမရင်ဆိုင်ရတာတွေက အပြောင်းအလဲ အသစ်အဆန်းတွေ ဖြစ်နေခဲ့သည်။

ဆက်ဖတ်ရန်...

ချစ်သူ မိန်းကလေးအား ဓာတ်ဆီလောင်းကာ မီးရှို့



ဝေစန္ဒာ ရန်ကုန် (မဇ္ဈိမ) ။       ။ ချစ်သူ မိန်းကလေး သူငယ်ချင်းနှင့် စကားများ ရန်ဖြစ်ပြီး အိမ်ရော လူပါ ဓာတ်ဆီလောင်း မီးရှို့ခဲ့သော ဖြစ်ရပ်တခု ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ၃ ရပ်ကွက်အတွင်း မေလ ၂၇ ရက်နေ့ ညနေ ၆ နာရီခွဲတွင် ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ရပ်ကွက်အတွင်း နေထိုင်သူများထံမှ သိရသည်။

ဆက်ဖတ်ရန်...

အခွင့်ထူးခံ စီးပွားရေးသမားများ


စစ်အုပ်စုရဲ့  ဦးပိုင်ကုမ္မဏီတွေ၊ စွမ်းရည်မရှိတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေနဲ့ အခွင့်ထူးခံတစု ကြီးစိုးနေတဲ့ မြန်မာစီးပွားရေးမှာ တခြားလုပ်ငန်းကြီးငယ်တွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်အောင် လုပ်ဖို့လိုကြောင်း မေလ (၁၀) ရက်နေ့က ထုတ်ပြန်တဲ့ ESCAP (ခေါ်) ကုလသမဂ္ဂ အာရှပစ္စဖိတ် လူမှုစီးပွားရေးကော်မရှင်ရဲ့  အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဆက်ဖတ်ရန်...

ကချင်သတင်းထောက် လဖိုင်နော်မိန်း ပြည်သူ့ဂုဏ်ရည်ဆုရ


အမေရိကန်ပြည်ထာင်စုအခြေစိုက် ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ တတိယမြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ကချင်အမျိုးသား လဖိုင်နော်မိန်းကို ချီးမြှင့်လိုက်ပါတယ်။ ၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင် လဖိုင်နော်မိန်းဟာ Kachinland News သတင်းဌာနကို ထူထောင်ခဲ့သူဖြစ်သလို ဆွန်ပရာဘွမ်မီဒီယာ လုပ်ငန်းကို အဓိက ဦးဆောင်လုပ်ကိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဆက်ဖတ်ရန်...

ဦးအောင်သောင်းနှင့် သားများ အနာဂတ် ဘာဖြစ်လာမလဲ


ယခင် စစ်အစိုးရလက်ထက်၌ စက်မှုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်မှူးကြီး ဟောင်း ပြည်သူ့ လွှတ်တော်အမတ် ဦးအောင်သောင်းသည် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO) နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ခေါင်းဆောင်အဖြစ် ပါဝင်ခြင်း မရှိတော့ဟု ယခု ရက်သတ္တပတ်အတွင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

ဆက်ဖတ်ရန်...

ဒေါ်အောင်ဆန်းစုကြည် မယ်လ ဒုက္ခသည်စခန်းသွားရန် မသေချာသေး


မေလ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ရိုင်အတွင်းရှိ မယ်လဒုက္ခသည်စခန်းအတွင်းသို့ သွားရောက်မည်ဟု သတင်းထွက်ပေါ်နေသော်လည်း ယနေ့အထိ မသေချာသေးကြောင်း ကရင်ဒုက္ခသည်ကော်မတီ KRC က ပြောသည်။

ဆက်ဖတ်ရန်...

ကျောက်ကြီးသို့ နော်ဝေ ဒုနိုင်ငံခြားရေးဝန်ကြီး သွားရောက်


မေလ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
အိမ်ယာမဲ့နေသူများအရေး ကူညီဆောင်ရွက်ရန် နော်ဝေနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး(Torgeir Larsen) နှင့် အဖွဲ့သည် ယနေ့ (မေ လ ၂၈ရက်နေ့)တွင် ပဲခူးတိုင်းဒေသကြီးရှိ ကျောက်ကြီးမြို့သို့ သွားရောက်ခဲ့သည်ဟု ငြိမ်းချမ်းရေးအကျိုးဆောင်များက ပြောသည်။

ဆက်ဖတ်ရန်...

ကလေးတွေဘာကြောင့် ကျောင်းကိုမုန်း


သင်နည်းစနစ်တွေကလည်း ပျင်းစရာကောင်းလာ၊ ရလဒ်တွေကလည်း သဘာဝမကျ၊ ပိုင်းဖြတ်တဲ့ဆရာတွေက လည်း အရည်အချင်းမရှိ ဒါကြောင့် အမေရိကန်မှာတော့ ပညာရေးစနစ်ကို မိဘတွေနဲ့ ကျောင်းသားတွေကပါ ဝေဖန်တိုက်ခိုက်တာတွေ ဖြစ်နေပြီလို့ ဆိုပါတယ်။ ဘာကြောင့် ဒီလိုတွေဖြစ်လာရသလဲ ပြန်ဆန်းစစ်ကြည့် လိုက်တော့‘‘အဖြေလွှာတွေကိုကြည့်ပြီး ကျွန်မ စိတ်ထဲမှာ ဖြစ်ပေါ်မိတာကတော့ အားလုံးကို မီးပုံရှို့လိုက်ချင်တော့တာပဲ’’ အဲဒီစကားကိုပြောသွားသူက မေဝေါကီပြည်နယ် ကျောင်းတစ်ကျောင်းက တတိယတန်းသင်ဆရာမ အေမီ ဂူတောစကီးဆိုသူ ဖြစ်ပါတယ်။

ဆက်ဖတ်ရန်...

ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်စခန်း သွားဖို့အစီအစဉ်ရှိ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေး ညီလာခံကို တက်ရောက်မယ့် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း ထိုင်း ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်နဲ့အတူ နယ်စပ်က မယ်လ ဒုက္ခသည် စခန်းကို သွားရောက်မယ်လို့ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် အဖွဲ့အစည်းတွေက လာတဲ့သတင်းတွေအရ သိရပါတယ်။

ဆက်ဖတ်ရန်...

ဒုက္ခသည်များ အိမ်ကို စပြန်နေ


ထိုင်း-မြန်မာ နယ်စပ် တာ့ခ် ခရိုင် မယ်လ ဒုက္ခသည်စခန်းရှိ ဒုက္ခသည်များထဲမှ မြန်မာနိုင်ငံသို့
 ပြန်လည်အခြေချ နေထိုင်သူများ ရှိနေ ကြောင်း တာဝန်ရှိသူ တဦးက ပြောသည်။

ဆက်ဖတ်ရန်...

အမေရိကန်နဲ့ ထိုင်းရေတပ် စစ်ရေးလေ့ကျင့်မှု


http://www.irrawaddyblog.com/

ဆက်ဖတ်ရန်...